***အမြဲတမ်းပြုံးနေလိုက်ပါ***

သင့်ဘ၀မှာ အခက်အခဲတွေကို အောင်မြင်အောင်

လွယ်ကူစွာ ကျော်ဖြတ်ချင်ရင်တော့ ပြုံးဖြစ်အောင် ပြုံးပါလို့ ဆန္ဒပြု ချင်ပါတယ်။

အကြံပြု သဘောလေးပေါ့-အသေးစိတ်ပြောပြမယ်နော်

တို့တွေ ဘယ်အချိန်တွေမှာပြုံးသင့်သလဲဆိုရင်....

လူတွေ အထင်လွဲတာကို ခံရတဲ့အခါ ပါးပါးလျလျလေး ပြုံးပါ။ ဒါဟာ အသိပညာနဲ့ပြည့်စုံခြင်း တစ်မျိုးပါတဲ့။

မတရားသဖြင့် ခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ပြုံးပါ။ ဒါဟာ သဘောထားကြီးခြင်း တစ်မျိုးပါတဲ့။

နစ်နာဆုံးရှုံးမှုနဲ့ ကြုံတဲ့အခါ ဆန္ဒရှိရှိ ပြုံးပါ။ ဒါဟာ လူတွေကို ခွင့်လွတ်နားလည်ခြင်းတစ်မျိုးပါတဲ့။

ရှေ့မတိုး နောက်မဆုတ်သာတဲ့ အခက်အခဲနဲ့ ကြုံတဲ့အခါ ခပ်ယဲ့ယဲ့လေး ပြုံးပါ။ ဒါဟာ

ထက်မြက်ခြင်းတစ်မျိုးပါတဲ့။

အကူအညီမဲ့တဲ့အခါ ခပ်ပွင့်ပွင့်လေး ပြုံးပါ။ ဒါဟာ စိတ်ကို လှုံ့ဆော်ပေးခြင်းတစ်မျိုးပါတဲ့။

ဘေးဒုက္ခကြုံတဲ့အခါ ငြိမ်ငြိမ်သက်သက် ပြုံးပါ။ ဒါဟာ စိတ်တည်ငြိမ်ခြင်းတစ်မျိုးပါတဲ့။

အပြစ်တင်တာကို ခံရတဲ့အခါ အေးအေးဆေးဆေး ပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းတစ်မျိုးပါတဲ့။

အသဲကွဲတဲ့အခါ ခပ်ပေါ့ပေါ့လေးပြုံးပါ။ ဒါဟာ တင်းမာမှုကင်းတဲ့ လွတ်လပ်ခြင်းတစ်မျိုးပါတဲ့။

ဘယ်လိုအချိန်အခါ၊ ဘယ်လိုအခက်အခဲမှာဖြစ်ဖြစ် နေ့တိုင်း ပြုံးနိုင်ဖို့ ကြိုးစားပါ။ အစ်မနိုင်းနိုင်းစနေ

ဘာသာပြန်ထားတဲ့ ပြုံးပါ ဆိုတဲ့ ပို့စ်အသစ်လေးကို အားလုံးနဲ့အတူ မျှဝေခံစားလိုက်တာပါ။

အခက်အခဲတစ်ခုခုနဲ့ ကြုံရချိန် စိတ်ထဲမှာ သိပ်ကို မွန်းကြပ်လာတဲ့အခါ အသက်ကို၀၀ရှုပြီး ပြုံးကြည့်ပါ၊

လွတ်လပ်ပေါ့ပါးပြီး ပြန်လည်လန်းဆန်းတက်ကြွတဲ့စိတ်က သင့်ကို

ထိုအခက်အခဲမှ အောင်မြင်စွာကျော်လွှားနိုင်စေမှာမလွဲပါဘူး။

ပြုံးဖြစ်အောင် ပြုံးကြည့်လိုက်နော်။