1. သင်တကယ်ချစ်တဲ့သူနဲ့ တွေ့တဲ့အခါ ...သူနဲ့ အဖော်ပြုပေးဖို့ကြိုးစားပါ၊
အကြောင်းက သူသင့်နားက ထွက်ခွာသွားမှ နောင်တရမှာ စိုးလို့ပါ။
2.ယုံကြည်ရတဲ့ မိတ်ဆွေနဲ့ ဆုံတဲ့အခါ...သူနဲ့ ကောင်းကောင်းမွန်မွန်ဆက်ဆံပါ၊
အကြောင်းက လူ့ဘ၀ တစ်သက်တာမှာ စစ်မှန်တဲ့လူနဲ့ တွေ့ဖို့ ခဲယဉ်းလို့ပါ။
3.လောကမှာ တန်ဖိုးထားအပ်တဲ့ လူနဲ့ တွေ့တဲ့အခါ...သူ့ကို ကျေးဇူးတင်ပါ...
အကြောင်းက သူဟာ သင့်ရဲ့ကံကြမ္မာ အပြောင်းအလဲ ကို သယ်ဆောင်ပေးမဲ့သူဖြစ်နေလို့ပါ။
4.သင်ချစ်ဖူးခဲ့တဲ့ သူနဲ့ တွေ့တဲ့အခါ ... အမှတ်တရနဲ့ သူ့ကို ကျေးဇူးတင်ပါ...
အကြောင်းက သူဟာ သင့်ကို အချစ်ဆိုတာ နားလည်စေခဲ့လို့ပါ။
5.သင်မုန်းခဲ့တဲ့ သူနဲ့ တွေ့တဲ့အခါ... ၀မ်းသာအားရနှုတ်ဆက်ပါ...
အကြောင်းက သူက သင့်အတွက် ခွန်အားတွေပေးခဲ့လို့ပါ။
6.သင့်ကို သစ္စာဖောက်ခဲ့တဲ့ သူနဲ့တွေ့တဲ့အခါ... သူနဲ့ ကောင်းကောင်းစကားပြောပါ...
အကြောင်းက သူသာ မရှိခဲ့ရင် သင်ဟာ ဒီလောကကြီး အကြောင်းကို နားလည်မှာမဟုတ်ခဲ့လို့ပါ။
7.သင်တိတ်တခိုး ချစ်ခဲ့ဖူးသူနဲ့ တွေ့တဲ့အခါ... သူကံကောင်းဖို့ ဆုတောင်းပေးပါ...
အကြောင်းက သင် သူ့ကို သဘောကျစဉ်တုန်းက သူ့အတွက် ကံကောင်းပျော်ရွှင်ခြင်းတွေ ပြည့်စုံစေချင်ခဲ့လို့ပါ။
8.သင့်ကို ရုတ်တရက် လမ်းခွဲသွားတဲ့ လူနဲ့တွေ့တဲ့အခါ... သူ့ကို ကျေးဇူးတင်ပါ....
အကြောင်းက သူဟာ သင့်အတွက် အမှတ်တရတွေ ထားရစ်ခဲ့လို့ပါ။
9.သင်အပေါ် အထင်လွဲခဲ့ဖူးသူနဲ့ တွေ့တဲ့အခါ...အထင်လွဲမှုကို ရှင်းပြဖို့ကြိုးစားပါ...
အကြောင်းက ဒီလို ရှင်းပြခွင့် အခိုက်အတန့်လေး နောက်ထပ် မရနိုင်တော့မှာစိုးလို့ပါ။
10.သင်နဲ့ စိတ်တူကိုယ်တူ ဘ၀လက်တွဲဖော်နဲ့ တွေ့တဲ့အခါ.. သူရဲ့ အချစ်တွေအတွက် ရာနှုန်းပြည့် ကျေးဇူးတင်ပါ...
အကြောင်းက သင်တို့ နှစ်ဦးစလုံးအတွက် လက်ရှိမှာ ကံကောင်းခြင်းတွေနဲ့ အချစ်စစ်တွေ ပေးနေတဲ့သူဖြစ်နေလို့ပါ။