ဆရာကံချွန်ရေးသော စာစုများ

လူမှုရေး

မှောင်နေတဲ့နေရာမှာ ဖယောင်းတိုင်တစ်တိုင်ထွန်းလိုက်

ပါ နောက်ထပ်မီးကူးချင်တဲ့ ဖယောင်းတိုင်တွေ ရောက်လာပါလိမ့်မယ်
တစ်ဦးတည်းဖြစ်နေပါစေ
လူမှုရေး လုပ် ချင်လို့ ကတော့ လုပ်သာလုပ်ပါ။မထိရောက်ဘူးဆိုတာ မရှိပါဘူး။
ရည်ရွယ်ချက်ကောင်းရင် အရင်းအနှီးမလိုပါဘူး။
အကောင်အထည်ဖော်ပေးလိုသူတွေ ပေါ်လာလိမ့်မယ်။

ဆက်လျှောက်

မိုင်ပေါင်းများစွာ ခရီးရောက်ဖို့အတွက်
ပထမဆုံးခြေတစ်လှမ်းနဲ့ စခဲ့ရတာပါ
အမြင့်ဆုံးအဆင့်ကိုေ၇ာက်ဖို့အတွက်
ပထမဆုံးလှေကားထစ်ကို နင်းတက်ခဲ့ရတာပါ
ပညာတတ်တစ်ယောက်ဖြစ်ဖို့အတွက်
က ကြီး ခ ခွေးက စခဲ့ရတာပါ
ကျွန်တော်တို့ဟာ ပထမ အစမှာ
ရပ်မနေဖို့ပဲ လိုပါတယ်။

ညီမျှခြင်း

လုပ်နိုင်စွမ်းရည်တွေ ကွဲပြားခြားနားနေပေမယ့်
ညီမျှခြင်းထိုးလို့ရတာ စေတနာပါ
ဆင်းရဲချမ်းသာ ကွာဟနေပေမယ့်
ညီမျှခြင်းထိုးလို့ရတာ မာနပါ
ပညာအရည်အချင်း ကွာဟနေပေမယ့်
ညီမျှခြင်းထိုးလို့ရတာ လေ့လာမှုပါ။

ကမ္ဘာကြီးကိုချစ်ရင်

တစ်ဦးကိုတစ်ဦး အပြေစ်မပြောတဲ့နေရာဟာ
လူမှုရေးလုပ်တဲ့နေရာပါ
အရူံးမရှိတဲ့ အလုပ်ဟာ လူမှုရေးအလုပ်ပါ
ကွယ်ပျောက်မသွားနိုင်တဲ့ လုပ်ငန်းဟာ
လူမှုရေးလုပ်ငန်းပါ
အားချိန် နားချိန်မှာ လုပ်လို့ရတာ
လူမှုရေးလုပ်ငန်းပါ
နေရာတိုင်းမှာလုပ်လို့ရတာ လူမှုေ၇းပါ
လူမှုရေးလုပ်ငန်းတွေမရှိရင်
ကမ္ဘာကြီး အကျည်းတန်သွားမှာပါ။
ကျွန်တော်တို့နဲ့ဝန်းကျင်

အမှိုက်ပုံမှာ သိပ်လှတဲ့ထိုင်ခုံလေးချထားလည်း
ဘယ်သူမှလာထိုင်မှာမဟုတ်ဘူး
ကြည်နူးပျော်ရွှင်မှုဆိုတာ ပတ်ဝန်းကျင်သာယာအေးချမ်းမှုအပေါ်မှာ
မူတည်နေပါတယ်
တို့အနာဂတ်အတွက် ပြင်ဆင်နေချိန်မှာ
ပတ်ဝန်းကျင်ကို မေ့ထားလို့မရပါဘူး
တန်ဖိုးကြီးတဲ့ဟင်း ချက်ရောင်းမယ်ဆိုရင်
တို့ဝန်းကျင်မှာ ၀ယ်စားနိုင်သူရှိဖို့ လိုပါတယ်
တန်ဖိုးကြီးတဲ့ဟင်း ၀ယ်စားချင်လည်း
ချက်ရောင်းနိုင်သူ ရှိဖို့လိုပါတယ်။