၁။ အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။
၂။ အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိ၏ မာနကြောင့်ဖြစ်သည်။
၃။ အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။
၎။ အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိ၏ မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။
၅။ အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိ၏ စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။
၆။ အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိ၏ အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။
၇။ အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိ၏ စိတ်အားငယ်မှု ဖြစ်သည်။
၈။ လူ့ဘ၀၏ အကြီးမားဆုံးလေးစားခံရခြင်း သည် မိမိ၏ ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။
၉။ လူ့ဘ၀၏ အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိ၏ ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။
၁၀။ လူ့ဘ၀၏ အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိ၏ ကျန်းမာရေး ကောင်းမွန်ခြင်းဖြစ်သည်။
၁၁။ လူ့ဘ၀၏ အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာဖြစ်သည်။
၁၂။လူ့ဘ၀၏ အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့်လွှတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။
၁၃။လူ့ဘ၀၏ အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်ဖြစ်သည်။
၁၄။ လူ့ဘ၀၏ အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။