50 Gmail TIPS & TRICKS အကြောင်း

ဂျီမေးလ်ဟာ အခု ၂၀၁၁ ဆိုရင် သိုလှောင်မှု ပမာဏ ၇.၀ + ကျော်ရှိခဲ့ပြီ ဖြစ်ပါသည်။ ၎င်းထက်အရင် အီးမေလ်ဝန်ဆောင်မှုများ ပြုလုပ်ခဲ့ကြသော Yahoo, Hotmail တို့ကို ကျော်လွန်ပြီး Web User လောကတွင် အကောင်းဆုံး ၀န်ဆောင်မှုအနေဖြင့် နေရာအခိုင်အမာ ရခဲ့ပြီဖြစ်သည်။ ရသင့်ရထိုက်သော စွမ်းရည်အနေဖြင့် ဂျီမေးလ်သည် အလိုအလျောက်သန့်ရှင်းပေးသော Spam Filter များပါဝင်ခြင်း၊ ရိုးရှင်းသော မျက်နှာပြင်ရှိခြင်း စက္ကန့်နှင့်အမျှ တိုးပွါးပေးနေသော ပမာဏနေရာရှိခြင်း၊ လုံခြုံစိတ်ချရသော နည်းပညာသုံးစွဲထားခြင်းတို့ ကြောင့် ယခုဆိုလျှင် ကမ္ဘာတ၀န်းသုံးစွဲသူပေါင်း ၁၉၃.၃သန်းကျော် ရှိလာခဲ့ပြီသည်။
 သို့ရာတွင် ထိုသို့သော ဂျီမေးလ် သုံးစွဲသူများတွင် ဂျီမေးလ်နှင့် ပတ်သက်သော အမှန်တကယ် အစွမ်းထက်မှု များကို မသိရှိကြသေးဘဲ အပေါ်ယံ သုံးစွဲနိုင်မှုအဆင့်ကိုသာ သိနေကြသေး သည်ဖြစ်ရာ ယခု Tips and Tricks များတွင် ဂျီမေးလ်နှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များ အမှန်တကယ်ပြုလုပ်နိုင်သည့် စွမ်းဆောင်ချက်များကို မျှဝေဖော်ပြပေးထားသည်။
 ENCHANCE YOUR EMAILS
Add invitations to emails
သင့်ရဲ့အီးမေးလ်ကို အကောင်းဆုံးအရည်အသွေးတွေ ရရှိနိုင်မယ့်အရာတွေထဲကမှ တစ်ခုဖြစ်ပါ တယ်။ ဘာ ကြောင့်လဲဆိုရင် Google ကနေ သုံးစွဲသူတွေအတွက် ၀န်ဆောင်မှုပေးထား တဲ့ Google Calendar (http://calendar.google.com) ကို သွားရောက် သုံးစွဲကြည့်ဖို့ပဲဖြစ်ပါ တယ်။ သုံးစွဲသူတစ်ယောက်ချင်းစီ  အတွက် သီးသန့်ပေးထားတဲ့ ၀န်ဆောင်မှုဖြစ်ပြီး သင့်ရဲ့အစည်း အဝေးပွဲနဲ့ သီးခြားပြုလုပ်စရာရှိတဲ့ ကိစ္စတွေကို အစီအစဉ်တကျပြုလုပ်ထားနိုင်မယ့် နေရာလေးပဲဖြစ် ပါတယ်။ သင်ဟာ အီးမေးလ်တစ်ခုကို ပိုင်ဆိုင်ထားသူ တစ်ယောက်အနေနဲ့ တွေ့ဆုံစရာရှိတဲ့ရက်နဲ့ အချိန်တွေကို သင့်တော်သလို စီမံထားချင်တယ်ဆိုရင်တော့ သုံး ကြည့်လိုက်ပါ။
 Get extra emotions
သူငယ်ချင်းမိတ်ဆွေဆီကို အီးမေးလ်တွေပို့တဲ့အခါနဲ့ ကိုယ့်ရဲ့ အရင်းနှီးဆုံး ချစ်ရသူလေးဆီကို မေးလ်ပို့တဲ့အခါ မှာ ကိုယ့်ရဲ့ခံစားချက်ကို အဓိကထားဖော်ကျူးနိုင်မယ့် ရုပ်ပုံလေးတွေပါ တပါတည်း ပို့ပေးချင်တဲ့သူတွေအတွက် အဆင်ပြေစေမယ့် လုပ်ဆောင်ချက်လေးဖြစ်ပါသည်။ ၀မ်းသာနေရင် ပြုံးနေတဲ့မျက်နှာ ၀မ်းနည်းနေရင်တော့ ကြေကွဲဝမ်းနည်းနေတဲ့ ပုံရိပ်လေးတွေပေါ့။ ဒီလိုလုပ်ဆောင် နိုင်ဖို့အတွက် ဂျီမေးလ်ရဲ့ Labs ထဲမှာ Extra email ဆိုတဲ့ လုပ်ဆောင်ချက်လေး ထည့်သွင်း ပေးထားပါတယ်။ ရောင်စုံလှုပ်ရှားနေတဲ့ ရုပ်ပုံလေးတွေကို ထည့်သွင်းနိုင် စေဖို့အတွက် Email extra ဆိုတာလေးကို Enable ပြုလုပ်ထားဖို့တော့ လိုပါတယ်။
 Change your message font
သင့်ရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေထဲမှာ မေးလ်ပို့ခြင်းဆိုတဲ့ အလေ့အထတစ်ခုလည်း ပါဝင်ပါလိမ့် မယ်။ သင့်ရဲ့ ပုံမှန်ပို့နေတဲ့ မေးလ်ထဲက စာသားတွေကို ဂျီမေးလ် ပုံသေပေးအပ်ထားတဲ့ စာသား အရောင် ပုံစံတွေ အတိုင်းပဲ အသုံးပြုနေရတယ်ဆိုရင်တော့ ဒီလုပ်ဆောင်ချက်လေးကို ပြုလုပ်ထားလိုက်ပါ။ ဂျီမေးလ်ရဲ့ Setting ထဲကို Labs Tab မှာရှိတဲ့ default text style ဆိုတာလေးကို enable ပြုလုပ်ထားလိုက်တာနဲ့ နောက်တစ်ကြိမ် သင့်သူငယ်ချင်းတွေဆီ စာသားတွေပို့တဲ့အခါ ကြိုက်တဲ့ font size နဲ့ Color တို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
 Preview Photos in emails
သင့်ရဲ့ အပျော်ခရီးထွက်တုန်းက ရိုက်ထားခဲ့တဲ့ ဓါတ်ပုံတွေကို picasa တို့ filckr တို့မှာ တင်ထားခဲ့ဖူးပါသလား အခု ဒီလုပ်ဆောင်ချက်လေးကကို ပြုလုပ်ထားမယ်ဆိုရင် picasa နဲ့ filckr တို့မှာ တင်ထားတဲ့ ဓါတ်ပုံတွေကို Gmail မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်လေးကို ရရှိစေဖို့အတွက် အရင်ဦးဆုံး ဂျီမေးလ်ရဲ့ Labs ကို ၀င်ရောက်လိုက်ပါ။ ပြီးတာနဲ့ Filckr preview in mail နဲ့ Picasa preview in email ဆိုတဲ့ နေရာတွေ ရဲ့ option ကို enable ပြုလုပ်ပေးလိုက်ပါ။ နောက်ဆို သင်ဘယ်လိုပုံတွေပဲတင်တင် မြင်တွေ့စေရပါလိမ့်မယ်။
 Create a Gmail alias
ဂျီမေးလ် alias ဆိုတာကို ကြားဖူးတဲ့သူလည်းရှိပါလိမ့်မယ်။ အခုဟာက သိပြီးသားသူတွေအတွက် မဟုတ်ပါဘူး လုံးဝမသိသေးတဲ့သူတွေအတွက်သာ ရည်ရွယ်ပါတယ်။ ဂျီမေးလ်နာမည်လိမ် လို့ခေါ်တဲ့ ဒီလုပ်ဆောင်ချက် လေးဟာ သင့်ရဲ့ ဂျီမေးလ်ကို အခြားသူတွေကို ဆွဲဆောင်မှုရှိအောင် ပြုလုပ်ပေးရုံကလွဲလို့ ဘာအန္တရာယ်မှ မရှိ ပါဘူး။ အီးမေးလ်လိပ်စာရဲ့နောက်မှာ plus sign လေးကို ပေါင်းထည့်၊ သူ့နောက်ကမှ ကိုယ်ထည့်ချင်တဲ့ စာ သားလေးကို ထပ်ပေါင်းထည့်နိုင်မှာ ဖြစ်ပါတယ်။ တစ်ခုကောင်းတာက ဂျီမေးလ်ဟာ သင်ထပ်ထည့်လိုက်တဲ့ “+” သင်္ကေတလေးကို လုံးဝသတိမူနိုင် မှာ မဟုတ်တဲ့အတွက်ပါပဲ။ အဲဒီအတွက် သင့်ရဲ့ ဂျီမေးလ် Homepage မှာ User name အပြင် စာသားတချို့တွဲဖက် ပါဝင်လာရုံက လွဲပြီး ဘယ်လို ပြဿနာမျိုးမှ မရှိနိုင်ပါဘူး။
 Drag and Drop attachements
သင်ဟာ firefox ဒါမှ မဟုတ် Chrome Browser ကို သုံးစွဲနေတဲ့သူတစ်ယောက် ဖြစ်မှသာ ဒီအခွင့်အရေး ကို ရရှိမှာ ဖြစ်ပါတယ်။ ဂျီမေးလ်ကနေ ၀န်ဆောင်မှုအသစ်ပေးထားတဲ့ drag and drop ဆွဲပြီး လွှတ်ချနိုင်တဲ့ နည်းလမ်းနဲ့ ဖိုင်များ ပူတွဲပေးနိုင်မှာ ဖြစ်ပါတယ်။ စာသားမတ်ဆေ့ခ်ျတွေ အပြင် ပို့လိုက်တဲ့ ဖိုင်တွေကို drag and drop နည်းလမ်းကိုသာ သုံးလိုက်မယ်ဆိုရင် အလျင်မြန်ဆုံးနဲ့ အလွယ်ကူဆုံး ပေးပို့နိုင်မှာဖြစ်ပါတယ်။
 Insert Images Instantly
အခြားလုပ်ဆောင်ချက်များကဲ့သို့ ဂျီမေးလ်၏ သီးသန့် လုပ်ဆောင်ချက်ကောင်းလေးတစ်ခုဖြစ်သည်။ မေးလ်ထဲ မှ တဆင့် စာသားများပို့ရာတွင် လက်ခံရရှိသူထံသို့ ပုံများကိုပါ တစ်ပါတည်း ပို့လွှတ်နိုင် အောင် ပြုလုပ်ထားနိုင် သော လုပ်ဆောင်ချက်လေးဖြစ်သည်။ နောက်ထပ်ကောင်းကွက် တစ်ခုက တော့ သင့် ဂျီမေးလ်ရဲ့ Home Page မှာ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ မှတ်ချက် အနေနဲ့ကတော့ ဒီလုပ်ဆောင်ချက်လေးဟာ chrome မှာ သာ ပြုလုပ်ထားနိုင်မှာပါ။
 Create a personal signature
ဂျီမေးလ်ရဲ့ နောက်ထပ်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်လေးတစ်ခုဖြစ်ပါတယ်။ သင်ပို့လိုက်တဲ့ ဂျီမေးလ်မှာ သင့် ရဲ့ လက်မှတ်ကလေးပါ ထည့်သွင်းရေးသားပေးလိုက်ရမယ်ဆိုရင် ဘယ်လောက် ကောင်းမွန်မလဲ။ အခုတော့ ဒီဆန္ဒတွေကို ဖြည့်ဆည်းနိုင်ပါတော့မယ်။ ဂျီမေးလ်ရဲ့ Signature ဆိုတဲ့ လုပ်ဆောင်ချက်ကို ပြုလုပ်ထားချင် တယ်ဆိုရင် ပထမဆုံး ဂျီမေးလ်ရဲ့ setting ထဲကို ၀င်ရောက်လိုက်ပါ။ setting ထဲမှာ တွေ့ရမယ့် signature ဆိုတဲ့နေရာမှ Option လေးနှစ်ခုကို တွေ့ရပါလိမ့်မယ်။ ဒုတိယ option ကို ကလစ်နှိပ်ပေးလိုက်တာနဲ့ နောက် ပိုင်း စာသား၊ ဓါတ်ပုံတွေကို ပေးပို့တိုင်း လက်မှတ်လေးတစ်ခုပါ ထည့်သွင်းပေးနိုင်မှာဖြစ်ပါတယ်။
 Add a picture to your email
ဂျီမေးလ်ဆီကို ရုပ်ပုံတွေ ထပ်ပေါင်းထည့်လို့ရအောင် ပြုလုပ်ထားလို့ရပါတယ်။ သင့်ရဲ့မေးလ်ထဲမှာ ထည့်သွင်း ထားတဲ့ ရုပ်ပုံကို ထပ်ထည့်ချင်တာလား ဒါမှမဟုတ် ပြောင်းလဲလိုက်ချင် တာလားဆိုတာသာ စဉ်းစားထားရမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်လေးကို ရရှိစေဖို့အတွက် Gmail setting ထဲက Select a picture ဒါမှမဟုတ် Change picture ကို ရွေးချယ်ထား ရပါလိမ့်မယ်။ Picasa နဲ့ ဓါတ်ပုံတွေရှိတဲ့နေရာကနေ တိုက်ရိုက်တင်ပေးနိုင် မှာ ဖြစ်ပါတယ်။
 ဒီနေရာမှာတော့ ENHANCE YOUR EMAILS ဆိုတဲ့ ခေါင်းစဉ်အောက်က မှတ်သား စရာများတော့ ပြီးဆုံးသွားပြီ ဖြစ်ပါသည်။ နောက်ထပ် ဂျီးမေးလ်ကို ဘယ်လို စီမံခန့်ခွဲကြမလဲဆိုတာ ကြည့်ကြရအောင်ပါ။
 Manage Your Mail Box
Get Desktop alerts for new email
သင့်ရဲ့ အီးမေးလ်ကို အကောင်းဆုံးပြင်ဆင်အသုံးပြုနိုင်မယ့် နည်းလမ်းများစွာ ရှိပါတယ်။ အခု ဒီလုပ်ဆောင် ချက်လေးကတော့ သင့်အီးမေးလ်ထဲကို မေးလ်အသစ်ဝင်ရောက်တိုင်း အချက်ပြပေး မယ့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။ အချိန်နဲ့အမျှ အသစ်ဝင်ရောက်လိုက်တဲ့ မေးလ်တွေကို ဖော်ပြပေးမှာဆိုတော့ မဖြစ်မနေ ပြုလုပ် ထားသင့်ပါတယ်။ သင့်အနေနဲ့ မေးလ်ထဲမှာရှိတဲ့ Setting တစ်ခုကို ပြောင်းလဲထားရပါလိမ့်မယ်။ Click here to enable desktop notifications for Gmail ဆိုတာကို ကလစ်တချက်နှိပ်၊ နောက်တဆင့်လက်ခံကြောင်း Allow ကို ပြုလုပ်ထား လိုက်တာနဲ့ အဆင်ပြေသွားပါလိမ့်မယ်။ တကယ်လို့ ဒီလုပ်ဆောင်ချက်ကို လက်မခံချင် တော့ဘူး ဆိုရင်တော့ Mail notifications off ဆိုတာကို ပြန်လည် ရွေးချယ်လိုက်ပါ။ (သတိပြုရန်အတွက် ကတော့ မိမိကွန်ပျူတာတွင်သာ ပြုလုပ်ကြစေလိုပါသည်)
 Add an unread message icon
ဂျီမေးလ်ကို ၀င်ရောက်လိုက်တာနဲ့ သင့်အတွက် ဖတ်ချက်တဲ့ မေးလ်တွေကိုရော၊ မလိုလားအပ်တဲ့ မေးလ်တွေ ကိုပါ စုပြုံဝင်ရောက်နေတာကို တွေ့ရပါလိမ့်မယ်။ ဟုတ်ပါတယ်။ မှန်ပါတယ်။ အမှန်တကယ် စိတ်အနှောက် အယှက်ဖြစ်တဲ့ မေးလ်တွေဆို ဘယ်သူမှ ဖွင့်ဖတ်ချင်မှာ မဟုတ်ပါဘူး၊ အဲဒီအတွက် သင့်ရဲ့ mail box ကို ပြင် ဆင်ထားလို့ရပါတယ်။ သင်မကြိုက်နှစ်သက်တဲ့ မေးလ်တွေကို ကွယ်ပျောက်ထားနိုင်ဖို့ မေးလ်ရဲ့ Setting ထဲက Labs ထဲမှာ သွားရောက်ပြင်ဆင်ရမှာပါ။ Labs ထဲကို ၀င်ရောက် ကြည့်လိုက်လို့ တွေ့ရမယ့် Unread Message Icon ကို enable ပြုလုပ်ထားလိုက်ပါ။ အိုကေ သွားပါလိမ့်မယ်။
 Select multiple message at once
သင့်ရဲ့မေးလ်တွေကို တစ်နေရာတည်းမှာပဲ တစ်စုတစည်းတည်းထားလို့ရပါတယ်။ နေ့စဉ်ရေတွက် လို့ မရနိုင်တဲ့ မေးလ်တွေကို သင့်ရဲ့ မေးလ်box ကို ၀င်ရောက်နေတာတွေ့ရပါလိမ့်မယ်။ အခု အဲဒီဝင်ရောက်လာတဲ့ မေးလ် တွေကို စာညွန်း Label တစ်ခု အနေနဲ့ထိန်းချုပ်ထားလို့ရပါတော့မယ်။ စာညွန်းတစ်ခုအနေနဲ့ ပြုလုပ်ထားနိုင် သလို မကြိုက်နှစ်သက် မလိုလားအပ်တော့တဲ့ စာညွန်းတွေကို ပယ်ဖျက်လို့ရပါပြီ။ ဂျီမေးလ် Inbox ရဲ့ ဘယ် ဖက်မှာ ရှိတဲ့ Label ဆိုတဲ့ နေရာကနေ သွားရောက်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Label တစ်ခုချင်းစီကိုလည်း အပေါ်အောက် ကြိုက်သလို စီမံခန့်ခွဲနိုင်မှာပဲ ဖြစ်ပါတယ်။
 Preview message without opening
ဂျီမေးလ်တွေကို တိုက်ရိုက်ဖွင့်ကြည့်စရာမလိုပဲ ကြည့်လို့ရတဲ့ နောက်တနည်းရှိပါသေးတယ်။ လက်တွေ့စမ်း သပ်ကြည့်တဲ့ လုပ်ဆောင်ချက်လေးမို့ စမ်းသပ်ကြည့်တဲ့ လုပ်ဆောင်ချက်လေးမို့ စမ်းသပ်သုံးစွဲကြည့်သင့်ပါ တယ်။ ကိုယ့်ဆီကို တခြားသူမသိရှိစေချင်တဲ့ မေးလ်တွေ ၀င်ရောက် လာတာကို ရုတ်တရက်လှမ်းကြည့်လိုက်တဲ့ သိစေနိုင်မယ့် နည်းလမ်းလေးပဲဖြစ်ပါတယ်။ ဂျီမေးလ်ရဲ့ Labs ထဲကို ၀င်ရောက်ပြီး right click နှိပ်လိုက်ပါ။ သင့်အီးမေးလ်ထဲမှာပဲ ဖတ်ရှုမလား၊ အခြား တစ်နေရာမှာ ကြည့်မှာလားဆိုတာကို မေးပါလိမ့်မယ်။ စိတ်ကြိုက် တစ်ခုသာ ပြုလုပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်နော်။
 Bookmark your emails 1
သင်ကြိုက်နှစ်သက်တဲ့ တချို့website လိပ်စာတွေကို မှတ်သားထားနိုင်မယ့် လုပ်ဆောင်ချက် လေးကို ဂျီမေးလ် မှာ ပြုလုပ်ထားလို့ရပါတယ်။ တချို့ဆိုဒ်တွေဟာ တကယ်ကောင်းမွန်တဲ့အတွက် သင့်အနေနဲ့ မှတ်ထား ထားသင့်ပါတယ်။ favourite ဒါမှ မဟုတ် bookmarks ဆိုတဲ့နေရာ လေးကနေ ပြုလုပ်နိုင်ပါတယ်။
 Bookmark your emails 2
ဂျီမေးလ်ထဲမှ နောက်ထပ်ပြုလုပ်ထားနိုင်မယ့် bookmark ပုံစံလေးတမျိုးပဲဖြစ်ပါတယ်။ ဂျီမေးလ်းရဲ့ Labs ထဲ မှာ Quick Links ဆိုတာလေးကို enable ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ ဂျီမေးလ်အတွက် နောက်ထပ် ကောင်း မွန်တဲ့ လုပ်ဆောင်ချက်လေးမို့ သင့်ရဲ့ ဂျီမေးလ်မှာ လုပ်ဖြစ်အောင် လုပ်ထား လိုက်ပါ။ သင့်အတွက် ၀က်ဘ်ဆိုဒ် တွေကို လှမ်းကြည့်တိုင်း မှတ်သားထားမိ သလိုဖြစ်သွား ပါလိမ့်မယ်။
 Highlight personal emails
Gmail ထဲမှာ personal levels indication ဆိုတဲ့ လုပ်ဆောင်ချက်ကောင်းလေးတစ်ခု ထည့်သွင်းပေးထားပါ တယ်။ သင့်မေးလ်ကို မျက်လုံးလေးနဲ့ ဝေ့ကြည့်လိုက်ရုံနဲ့သိသာသွား စေနိုင်မယ့် အရာလေးပဲဖြစ်ပါတယ်။ သင့် အနေနဲ့ မေးလ်တွေကို တစ်ယောက်ချင်းစီကို (ဒါမှမဟုတ်) အုပ်စုတစ်စုဖွဲ့ပြီး ပို့လွှတ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်တမ်း သင့်အတွက်လည်း ကိုယ်ပို့ချင်တဲ့ မေးလ်တွေကို သတ်မှတ်ထားတာ ကောင်းပါတယ်။ အာရုံ လည်း မနောက်တော့ ဘူးပေါ့နော်။ ဒီလုပ်ဆောင်ချက်တွေ အတွက် ဂျီမေးလ် setting ထဲက general tab အောက်မှာရှိတဲ့ Show indication ကို ကလစ်တချက်နှိပ်လိုက်ပါ။ အိုကေသွားပါလိမ့်မယ်။
 Get mail from other accounts
ဂျီမေးလ်ရဲ့ နောက်ထပ်ကောင်းထဲက တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ ဂျီမေးလ် message တွေထဲကို နောက်ထပ် message တွေ ထပ်မံဝင်ရောက်နိုင်အောင်ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ Hotmail, Yahoo mail နဲ့ အခြား ဂျီမေးလ်လိုပဲ မေးလ်အသုံးပြုလို့ရတဲ့ နေရာတွေကနေ တဆင့်ဆွဲယူ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ အရင်ဦးဆုံး တော့ ဂျီမေးလ်ရဲ့ Setting ထဲကို ၀င်ရောက်လိုက်ပါ။ account and import ထဲမှာရှိတဲ့ add pops email account ဆိုတဲ့ဟာလေးကို ကလစ်တစ်ချက်နှိပ်လိုက်တာနဲ့ ဒီလုပ်ဆောင်ချက်ဟာ အဆင်ပြေသွားပါလိမ့်မယ်။ ဒါပေမယ့် မေးလ်တွေရောက်လာမယ့်ပုံစံကတော့ မူလမေးလ်ဆာဗာထဲကနေ ကော်ပီအနေနဲ့သာ ရောက်ရှိ လာမှာ ဖြစ်ပါတယ်။
 Sign into two accounts at once
သင့်အတွက် ဂျီမေးလ်ဟာ တခြားဝန်ဆောင်မှုတွေထက် ပိုမိုသာလွန်တဲ့ လုပ်ဆောင်ချက်တစ်ခု အပိုပေး အပ်ထားပါတယ်။  ဥပမာပြောရမယ်ဆိုရင် သင့်မှာ အလုပ်အတွက် အသုံးပြုရမယ့် account တစ်ခု ကိုယ့်ရဲ့ ကိုယ်ပိုင် account တစ်ခုလည်းရှိတယ်ဆိုပါစို့။ ဒီaccount နစ်ခုကို တပြိုင်တည်းသုံးစွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုတော့ အဲဒီလိုပြုလုပ်လို့ရသွားပါပြီ။
 Swtich to priority inbox
ဂျီမေးလ် Inbox ထဲကို ၀င်ရောက်လာနေတဲ့ message တိုင်းဟာ သင့်အတွက် အရေးပါတဲ့ စာသားတွေချည်းပဲ မဖြစ်နိုင်တာတော့ သေချာပါတယ်။ အဲဒီအတွက် ဂျှီမေးလ်းရဲ့ Label ထဲမှာ အရေးကြီးတဲ့ အရေးပါအရာရောက် တဲ့ message တွေကို တစုတစည်းတည်း စုထားလို့ရပါတယ်။ အမြဲတမ်းအတွက် အရေးပါနေတဲ့ Setting ထဲကို ၀င်ရောက်ရမှာ ဖြစ်ပါတယ်။ Priority Inbox ထဲမှာ တွေ့ရမယ့် show priority inbox ကလစ်နှိပ်ပြီး Save လုပ် ပေးလိုက်ပါ။ နောက်ဆို သင့်အတွက် အရေးပါမယ်လို့ထင်တဲ့ message တွေ အဓိကထားဖော်ပြပေးသွားပါလိမ့် မယ်။
 Buy Extra Storage
ဂျီမေးလ်ဟာ သင့်အတွက် အကောင်းဆုံးပေးဆပ်မှုတစ်ခုကို ပေးအပ်ထားတယ်ဆိုတာ သိပါသလား။ အဲဒါက တော့ သင်ပိုင်ဆိုင်တဲ့ အချက်အလက်တွေကို အွန်လိုင်းမှာ 7.5GB အထိ သိမ်းဆည်းထားနိုင်စေဖို့ ဖရီး ၀န်ဆောင်မှုပေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Google Docs နဲ့ Picasa Web Albums လို နေရာမျိုးတွေက နေလည်း အချက်အလက်တွေကို ပြန်လည်ဝေမျှပေးနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီအတွက် ပိုမိုသိမ်းဆည်းချင်တယ် ဆိုရင်တော့ ဂျီမေးလ်ဆီမှာ အခကြေးငွေပေးဆောင်ပြီးတော့မှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။
 Combine Labels with Filters
ဂျီမေးလ်ရဲ့ စာညွန်းတွေကို အရောင်သတ်မှတ်ချက်တစ်ခုအနေနဲ့ သတ်မှတ်ထားလို့ရနိုင်သလို နောက်ထပ်တစ် နည်းလည်းရှိပါသေးတယ်။ အဲဒီနည်းလမ်းကတော့ စာညွန်းတွေကို ဖီတာနဲ့ ပေါင်းစပ်အသုံးပြုနိုင်တဲ့ နည်းလမ်း လေးပါပဲ။ ဂျီမေးလ်အတွက် စာညွန်းတွေကို ကြည့်ရှု စေနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းလေးမို့ စမ်းသပ် သုံးစွဲကြည့်လိုက်ပါဦး။ အားလုံးရဲ့ ပင်မဖြစ်တဲ့ ဂျီမေးလ်ရဲ့Setting ထဲက Filters ထဲက Create a new filter ကို သွားရောက်ပြင် ဆင်ရမှာ ဖြစ်ပါတယ်။
 Apply Coloured labels to emails
သင့်ရဲ့သီးသန့်စာညွန်းတွေကို အရောင်လေးတွေ သတ်မှတ်ပြုလုပ်ထားလို့ရတယ်ဆိုတာကို သိပါသလား။ ဒါဟာလည်း ဂျီမေးလ်ရဲ့ နောက်ထပ်ကောင်းကွက်တစ်ခုလို့တောင်ဆိုနိုင်ပါတယ်။ ဂျီမေးလ်းကို ၀င်ရောက်လိုက် တာနဲ့ သင်ပြင်ဆင်အသုံးပြုနေတဲ့ စာညွန်းတွေအတွက် အရေးကြီးတဲ့ စာညွန်းတွေအတွက်ဆို အနီရောင် (ဒါမှမဟုတ်) အ၀ါရောင်ဆိုပြီး သီးသန့်သတ်မှတ်ထား လို့ရပါတယ်။ အရေးမကြီးတဲ့ စာညွန်းတွေဆိုရင်တော့ ကျန်တဲ့အရောင်တွေ သတ်မှတ်လိုက်ပေါ့နော်။
 Find old attachments
ဂျီမေးလ်ရဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေထဲက တစ်ခုထပ်ပြီးပေါ်လာပြန်ပြီလို့တောင် ပြောလို့ရပါ တယ်။ သင် ကနေ တခြားသူတွေဆီကို ပို့လိုက်တဲ့ စာသားတွေနဲ့အတူ attach file တွေပါ ပူးတွဲဝင်သွားတတ်ပါလိမ့်မယ်။ အခု အဲဒီအရာလေးဟာ attachements အဟောင်းတွေကို ပြန်လည်ရှာဖွေပေးနိုင်မယ့် လုပ်ဆောင်ချက် ဖြစ်ပါ တယ်။ သင့်အနေနဲ့ attachement အဟောင်း တွေကို ရှာဖွေတဲ့နေရာမှာ အလျင်မြန်ဆုံးနဲ့ အလွယ်ကူဆုံး ရှာ ဖွေနိုင်အောင် ကူညီပေးပါလိမ့်မယ်။  ဂျီမေးလ်ရဲ့ အပိုလုပ်ဆောင်ချက်ဖြစ်တဲ့ Search Operators ပဲ ဖြစ်ပါ တယ်။