အပျိုကြီးနဲ့များ ကြိုက်မိလျှင်

မိန်းကလေးများကို အသက်နဲ့လိုက်ပြီး သတ်မှတ်ကြပုံကတော့… - အသက်(၁၃)နှစ် အရွယ်မှ

အသက်(၁၈)နှစ် အရွယ်ထိကို… အပျိုဖြန်း… - အသက်(၁၈)နှစ်မှ အသက်(၂၅)နှစ်ထိကို… အပျိုစင်… -

အဲ… အသက်(၂၅)နှစ်ကျော်ရင်တော့… အပျိုကြီးလို့ သတ်မှတ်လိုက်ကြပါပြီ…။ ပြီးတော့ ရှိပါသေးတယ်…၊

- အသက်(၁၀)နှစ်ကနေ (၂၀) အတွင်းက အာဖရိကနဲ့တူတယ်…၊

(စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်… ရှာဖွေစူးစမ်းစရာတွေရှိနေတယ်…) - အသက်(၂၀)ကနေ

(၃၀) အတွင်းမှာတော့ အိန္ဒိယနဲ့တူတယ်…၊ (တည်ငြိမ်လာတယ်… တိုးတက်နေတယ်… အိနြေ္ဒရှိတယ်…

သိမ်မွေ့တယ်… ) - အသက်(၃၀)ကနေ (၄၀) အတွင်းကတော့ အမေရိကားနဲ့တူတယ်…၊

(အတတ်ပညာနဲ့ ပြည့်စုံတယ်…) - အသက်(၄၀)ကနေ (၅၀)အတွင်းကတော့ ဥရောပနဲ့တူတယ်…၊

(နှစ်လိုဖွယ်ရာ သိပ်မရှိတော့ဘူး… ဟန်ပဲရှိတော့တယ်…) - နောက်ဆုံး အသက်(၅၀)ကျော်သွားရင်တော့

ဆိုက်ဘေးရီးယားနဲ့တူတယ်…၊ (၄င်းရှိတာကို သိပေမယ့်လည်း… ဘယ်သူမှ မသွားချင်ကြဘူး…)

မိန်းကလေးများဟာ… အသက်(၂၅)နားနီးလာပြီဆိုရင်… အသက်(၂၅)ကိုဖြတ်ကျော်ပြီဆိုရင်…

အပျိုကြီးလုပ်ဖို့ ရည်ရွယ်သည်ဖြစ်စေ…မရည်ရွယ်ဘူးဖြစ်စေ… "အပျိုကြီး" လို့ ခေါ်တာကိုတော့

လုံးဝမကြိုက်ကြပါဘူး…။

တစ်စုံတစ်ယောက်က ခေါ်လိုက်မိတဲ့အခါ ပြန်ပြောလေ့ရှိတဲ့စကားတွေကတော့…၊ - "ငါ

တကယ်အပျိုကြီးဖြစ်နေပြီလား" (စိတ်ထဲက ပြန်ပြောတာ…) - "ငါ အသက်မကြီးသေးဘူး ထင်တာပဲ…"

(မှန်ကြည့်ပြီး ပြောတတ်သောစကား…) - "ငါ့ အလှကမှ ရင့်ကျက်တဲ့ အလှ…" (ဆယ်ကျော်သက်များက

အပျိုကြီးဟု ခေါ်သောအခါ တုံ့ပြန်ပုံ…) - "ငါက သူ့ထက်တောင် နုပါသေးတယ်…" (သူမထက် နှစ်နှစ်၊

သုံးနှစ်ငယ်သူများ၏ ခေါ်သံကို ကြားရသော အခါ တွေးတောပုံ…) - "ငါက မဖြစ်သေးပါဘူး… သူတို့ကသာ

အရိုးဆွေးနေကြပြီ…" (သူမ၏စီနီယာ အပျိုကြီး လူပျိုကြီးများက ခေါ်သည်ကို ကြားရသောအခါ

ဆင်ခြင်ပုံ…) အသက်(၂၅)ကျော်လာပြီး လက်ဆုပ်လက်ကိုင် မရှိသေးသူများကို

အပျိုကြီးလို့ပြောမိရင်တော့…၊ - "ငါက စွံရဲ့သားနဲ့ အပျိုကြီးလုပ်မှာ…" - "ငါက သဘောကျတဲ့

လူမတွေ့သေးလို့ပါ… တွေ့ရင်တော့… စဉ်းစားမှာပေါ့…" - "သူများတွေ မင်္ဂလာမဆောင်ခင်မှာ

 ငါ့ဖိတ်စာရောက်လာစေရမယ်…" - "ငါက မစွံပါဘူး… စွံတဲ့သူတွေက ပြောအားရှိတာပေါ့…" - "ငါက

 တော်လို့ ငါ့ကို ကြောက်ပြီး… ဘယ်သူမှ… မလိုက်ရဲတာ…" - "ပိင်္ဂုတ္တရလုလင်တွေက

ဥဒုမ္ဗရဒေဝီနားကို မကပ်နိုင်ကြတာပါ…" - "ပုရိသတွေကို ကြွေအောင်လုပ်ဖို့… ရူပါမလိုပါဘူး…

ဗျူဟာပဲလိုတယ်…" - "ငါက ဘာမှကြိုးစားစရာမလိုဘူး… အိမ်က စီစဉ်ပေးလိမ့်မယ်…" - "ငါ့အတွက်ဆိုရင်

အကူအညီပေးမယ့် ပုရိသတွေများ တန်းစီနေတာပဲ…" - "မလိုချင်လို့ပါ… လိုချင်ရင် ခေါင်းခေါက်ပြီးတောင်

ယူလို့ရတယ်…" - "ပုရိသတွေကို စိတ်မရှည်လို့ အပျိုကြီးလုပ်နေတာ…" -

"ဘာမှမဟုတ်တဲ့အချစ်နောက်လိုက်မနေနဲ့ အချစ်ဆိုတာ ဘာမှမဟုတ်ဘူး…" -

"အပိုအလုပ်တွေမလုပ်ချင်လို့ပါ… တစ်ယောက်တည်းနေတာအေးချမ်းတယ်" - "သွားမပါရင်နေ…

ကားပါရင် စဉ်းစားမယ်…" စသည်ဖြင့်ပေါ့…၊။ (တစ်ချို.ကတော့ ဘာမှပြန်မပြောပါဘူး… ပြုံးနေပါတယ်…

တစ်ချို.ကတော့မဲ့ပြုံးပြုံးပါတယ်… တစ်ချို.ကတော့ ခါးသီးစွာ မဲ့ပါတယ်…

တစ်ချို.ကတော့တည်တည်ကြီးတုံ့ပြန်ပါတယ်…) မိန်းကလေးတွေက သူမတို့ရဲ့ နုပျိုနေတဲ့

အချိန်တွေကိုအလွန်နှမြောကြပါတယ်…။ အမှန်တရားကိုလည်း

လက်မခံနိုင်ကြတဲ့အတွက်ခေတ်ပေါ်Cosmetics များရဲ့ အကူအညီရဲ့ နုပျိုခြင်းကို အချိန်ဆွဲ…

ဇရာကိုကျားကန်ထားတတ်ကြပါတယ်… ။ "ဣတ္ထိရူပံ ဓနံ"…

ဆိုတော့လည်း… ပြောရခက်သားပဲလေ…။ နောက်တစ်ခုက အပျိုကြီးများ

စွံတဲ့အခါ ဖြစ်လေ့ရှိတာတွေက… -သူမတို့ရဲ့ ရည်းစားကို အရမ်းချစ်မြတ်နိုးကြပါတယ်…။

(လသားကလေးလက်ထဲကို အရုပ်ကလေးထည့်ထားပြီး ပြန်ယူတဲ့အခါ လုံးဝလွှတ်မပေးတော့ပဲ

အတင်းအကျပ်ကိုင်ထား သလိုမျိုးပါ…) -သဝန်လည်း အင်မတန်တိုတတ်ပါတယ်…။ -မိန်းကလေး

ငယ်ငယ်လေးတွေနဲ့ သူမရဲ့ရည်းစား စကားပြောတာကိုလည်း မနှစ်လိုပါဘူး…။ (ကောင်မလေးတွေက

ငယ်ပေမယ့် မခေဘူး…ပဲကလည်းများ… အသံကလည်း ခရာတာတာ

ညုတုတုနဲ့လို့ တွေးနေတတ်ပါတယ်…) -သူမကိုယ်တိုင်ကလည်း

အသံတွေပြောင်းလဲသွားတတ်ပါသေးတယ်…။ -တစ်ခြားလူကို ပြောတဲ့ အသံနဲ့ ရည်းစားကို ပြောတဲ့ အသံ

နူးညံ့မှုနဲ့ အီစီကလီဖြစ်မှု အဆတစ်ရာလောက်ကွာ ခြားပါတယ်…။ -သူမတို့ရဲ့ ရည်းစားကို အခြားလူများက

အကူအညီတောင်းမိရင် အင်တင်တင်နဲ့ သဘောမတူသလို လုပ်တတ်ပါသေးတယ်…။ အထက်ပါ

အချက်တွေက အပျိုကြီးတွေမှာသာ မဟုတ်ပါဘူး… မိန်းကလေး တော်တော်များများမှာ ရှိတတ်တဲ့

အချက်တွေပါပဲ…။ ကဲပါ...မိတ်ဆွေ… အပျိုကြီးနဲ့များ ကြိုက်မိလျှင်တော့ သင်သတိထားလော့…။ ဟိဟိဟိ