အပျိုကြီးများ၏သနားစဖွယ် အားငယ်ရသည့်အချက်များ

၁- ရေချိုးပြီးသနပ်ခါးသွေးပေးမယ့်သူမရှိခြင်း။

၂-အိပ်မက်ဆိုးများဖြင့်ညတစ်ရေးနိုးလန့်နိုးသော်...နှစ်သိမ့်ရာမရှိခြင်း။

၃-အတင်းပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးမယ့်သူမရှိခြင်း။

၎-ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို ကိုယ့်အားကိုကိုးဆွဲသယ်ရခြင်း။

၅-အိမ်ကစက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းများပျက်လျှင် ဆိုင်သို့ သာပို့၍ ပိုက်ဆံကုန်ခြင်း။

၆-နေရာတကာ မီတာဆောင်၊ဖုန်းခွန်ဆောင် မိမိဘာသာသွားလာ ရခြင်း။

၇-ဆရာလုပ်ခြင်း ပြောချင်တိုင်းပြောခြင်းကိုနာခံမယ့်သူမရှိခြင်း။

၈-အများတကာမှ သီတင်းကျွတ်တိုင်းမစားရသေးဘူးလား၊ ဘယ်တော့လဲ၊စသဖြင့်ရိထေ့ငေါ့ခြင်းကို

အောင့်သီးအောင့်သက်ဖြင့် ခံစားနားဆင်ရခြင်း။

၉-အလှပြင်ပြီးတိုင်း ကြည့်ပြီးလိုအပ်ချက်ပြောပေးခြင်းကိုမခံရခြင်း။

၁၀-လကုန်တိုင်း ယောက်ျားအပ်သော အပိုပိုက်ဆံကိုမရခြင်း။

၁၁-သရဲကားကြည့်ပြီး ကြောက်တိုင်း ခေါင်းအုံးကိုသာတင်းတင်းဖက်ထားရခြင်း။

၁၂-ညောင်းညာတိုင်း အနှိပ်သည်ကိုသာအားကိုးရခြင်း။

၁၃-လိုင်းကားတိုးစီးရာတွင်အကာကွယ်မရရှိခြင်း။

၁၄-ယောင်္ကျားလေးများ၏ မထိတထိစနောက်ခြင်းကို အပြင်သွားလာတိုင်း ခံရခြင်း။

၁၅-နေမကောင်းသည့်အခါ ကူကယ်ရာမဲ့ခြင်း။

၁၆- မိုးသည်းထန်စွာရွာပြီး..မိုးခြိမ်းသည့်အခါများတွင် တယောက်တည်းစောင်ခေါင်းမြီးခြုံ

ကြောက်လန့်နေရခြင်း။

၁၇- အိမ်တွင်သူခိုးကပ်သည့်အခါ မအော်ရဲခြင်း။

၁၈-ဘုရားသွားသည့်အခါ..အားမလိုအားမရ သူများတွေကိုသာငေးနေရခြင်း။

၁၉-မင်္ဂလာဆောင်ဖိတ်စာရသည့်အခါများတွင် အားငယ်ခြင်းကိုခံစားရခြင်း။

၂၀- သွားချင်ရာသွား..အိမ်ပြန်လာသည့်အခါ စိတ်ပူပန်စွာဖြင့် စောင့်မျှော်မည့်သူမရှိခြင်း။

၂၁-အိမ်မှုကိစ္စများကို မိမိတယောက်တည်းသာသိမ်းကြုံးလုပ်ရခြင်း။

၂၂-မိဘများမှ ကလေးကဲ့သို့ နေရာမပေးဆက်ဆံခြင်းကိုသာ တချိန်လုံးခံရခြင်း။

၂၃-မိုးရွာသည့်အခါထီးဆောင်းပေးမည့်သူမရှိခြင်း။

၂၄-မိမိလက်စွမ်းပြချက်ထားသမျှ ကောင်းလိုက်တာဟု...ချီးမွမ်းအားပေးမည့်သူ မရှိခြင်း။

၂၅-ပွဲလမ်းဘဘင် ၊ အလှူအတန်းများတွင်..အသိစုံတွဲများကြားတွင် တယောက်တည်း

ယောင်နန ထိုင်နေရင်း..မိတ်ဆက်ပေးစရာမရှိခြင်း။

၂၆--ကားကိုမိမိကိုယ်တိုင်သာ မောင်းနှင်သွားလာရခြင်း။..

၂၇--မောင်ရေ..ကိုကိုရေ..ဟုချွဲနွဲ့ ပြီး အလိုရှိရာပစ္စည်းကို ပူဆာခွင့်မရခြင်း....။

၂၈-မိမိပြက္ခဒိန်တွင် အထိမ်းမှတ်နေ့ စွဲများမရှိခြင်း၊အထိမ်းအမှတ် လက်ဆောင်များမရခြင်း။

၂၉-စိတ်ညစ်၍ငိုတိုင်းချော့မည့်သူမရှိခြင်း

၃၀- တခြားမှာစိတ်ညစ်တိုင်း ရန်လုပ်စိတ်ကောက်ပေါက်ကွဲရန်လူမရှိခြင်း

( အဲ့လိုဆိုတော့..ဘယ်လိုလုပ်ရရင်ကောင်းမလဲနော်...)