အလုပ်ရှင် နှင့် သင်

Boss vs Me

အလုပ်ရှင် နှင့် သင်

When I Take a long time to finish,

I am slow,

When my boss takes a long time,

he is thorough

အလုပ်တစ်ခုကို တော်တော်နဲ့ မပြီးရင်-
“ငါလုပ်တာ နှေးတယ်” တဲ့။
သူလုပ်တာ တော်တော်နဲ့ မပြီးရင်တော့-
“သူစဉ်းစားနေတာ” တဲ့။
When I don't do it,

I am lazy,

When my boss does not do it,

he is busy,

ငါက ဒီဟာကို မလုပ်ဘူးဆိုရင်-
“ငါက ပျင်းတယ်” တဲ့။
အဲဒီဟာကိုပဲ သူမလုပ်ရင်တော့
“သူ အလုပ်များနေတယ်” တဲ့။
When I do something without being told,

I am trying to be smart,

When my boss does the same,

he takes the initiative,

ငါက စကားမပြောဘဲ အလုပ်လုပ်နေရင်-
“ငါက…လူအထင်ကြီးအောင် ကြိုးစားနေတာ”တဲ့။
သူက ငါ့လိုပဲ စကားမပြောပဲလုပ်နေရင်တော့-
“သူက စွန့်ဦးတီထွင်နေတာ” တဲ့။

When I please my boss,

I am apple polishing,

When my boss pleases his boss,

he is cooperating,

ငါက အလုပ်ရှင်ကို ချီးကျူးမိရင်-
“ငါက…ဖားနေတာ” တဲ့။
သူက သူဌေးကို ချီးကျူးရင်တော့
“သူက ပူးပေါင်းဆောင်ရွက်တာ”တဲ့။

When I make a mistake,

you're an idiot.

When my boss makes a mistake,

he's only human.

ငါက အမှားလုပ်မိရင်-

“မင်းက သောက်ရူးပဲ”တဲ့။
သူအမှားလုပ်မိရင်တော့-
“ငါက လူသားပဲကွာ” တဲ့။

When I am out of the office,

I am wandering around.

When my boss is out of the office,

he's on business.

ငါက ရုံးအပြင်ကို ထွက်မိရင်တော့-
“ဟိုယောင်ယောက် သည်ယောင် လျှောက်သွားနေတာ”တဲ့။

သူက ရုံးအပြင်ကို ထွက်သွားရင်တော့-

“စီးပွားရေးလိုက်လုပ်နေတာ”တဲ့။
When I am on a day off sick,

I am always sick.

When my boss is a day off sick,

he must be very ill.

ငါက တစ်ရက်တစ်နေ နေမကောင်းဖြစ်နေရင်-
“မင်းဟာ အမြဲတမ်း နေမကောင်းဘူး” တဲ့။
သူက တစ်ရက်တစ်လေ နေမကောင်းဖြစ်ခဲ့ရင်တော့-
“သူဟာ အရမ်းဖျား နေတာ”တဲ့။

When I apply for leave,

I must be going for an interview

When my boss applies for leave,

it's because he's overworked

ငါက ခွင့်ယူဖို့ပြောရင်-
“မင်းနဲ့ ဆွေးနွေးစရာရှိတယ်” တဲ့။

သူခွင့်ယူမယ်ဆိုရင်တော့-

“အလုပ်လုပ်ရတာ ပင်ပန်းလို့”တဲ့။

When I do good,

my boss never remembers,

When I do wrong,

he never forgets
ငါ လုပ်တာကောင်းရင် သူက ဘယ်တော့မှ သတိမရဘူး။

ငါ အမှားလုပ်မိရင် သူဘယ်တော့မှ မမေ့တော့ဘူး။

 
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂၁-၃-၂၀၁၂)(၁၈း၀၀)နာရီ