Ctrl + Z ရဲ့ လျို့ဝှက်ချက်များ

၁။ ဖျက်မှား သမျှဖိုင်တွေကို ပြန်ယူနိုင်ခြင်း (Undo)

ဒါတော့ ကျွန်တော်ရဲ့ ဖြစ်နေကျ အမှားလေးပဲ အပုံတွေကို လုပ်ပြီးတော့

စာတွေဘာတွေရေး ဘလောဂ့်မှာ တင်ဖို့လေ ။ အဲဒါကို မသုံးရသေးတဲ့ အပုံတွေကို

ခဏခဏဖျက်မှားနေကျ ။ အဲဒီခါကျရင် Ctrl + Z ကို နိပ်လိုက်ရုံနဲ့ အေးဆေးပဲ

ပြန်ရပြီ ။ ဒီလိုဖြစ်ရင် ဒီနည်းကို မမေ့နဲ့ ။ တစ်ခုတော့ ရှိတယ် Recycle

Bin ထဲကို ရောက်ပြီးတော့ ဖျက်ပြီးသွားရင်တော့ Ctrl + Z က

မကယ်နိုင်တော့ကြောင်းပါ ။ အရေးကြီးတယ် ဆိုရင်တော့ မှားဖျက်သမျှကို

ပြန်ယူပေးတဲ့ ဆောပ်ဝဲလ်ကို ကျွန်တော် တင်ပေးပြီးပါပြီဗျာ ။

၂။ဖိုင်နာမည်ကို မှားပြောင်းရင် ပြန်ပြင်နိုင်ခြင်း

ဒါတော့ ဖြစ်လာရင် သုံးလို့ရပါတယ် ။ တစ်ချို့ဆောပ်ဝဲလ်ကို

နာမည်ပြောင်းမှားတာတို့ဘာတို့ ။ ချုပ်ရရင် နာမည်မှားပြီးပြောင်းရင် Ctrl

+ Z ကို နိပ်လိုက်ရုံဖြင့် မူလ နာမည်သို့ ပြန်ရောက်စေချင်းပါ ။

၃။ နေရာပြောင်းရာတွင် နေရာပြောင်းမှားခြင်းကို မူလနေရာသို့ ပြန်ရောက်စေချင်း

ဒီတစ်ချက်တော့ ဆိုပါတော့ Folder တစ်ခုက GB နဲ့ ချီပြီးတော့ ရှိတာကိုး ။

ပြောင်းမှားရင် ဘယ်နှယ့်လုပ်မှာတုန်း Copy + Past ရင်ပေါ့ ။ ဒါမှမဟုတ်

အလွယ်တကူပဲ Move နဲ့ ဟိုထဲ ဒီထဲကို ဆွဲထည့်မှားပြီးတော့ ဘယ်နားရှိမှန်း

မသိပျော်သွားရင်ရော....ပြန်ပြီး

တော့ ကော်ပီဖို့က နည်းတဲ့ ဆိုဒ်မဟုတ်ဘူး ။

ကြာမယ်...အချိန်ကုန်မယ်... မတော်လို့ ခက်ခက်ခဲခဲ ပို့လာပေးတဲ့ အပုံကို

(မြန်မာနိုင်ငံက ကွန်နဲ့ ဆိုရင်ပေါ့ ) ဟီး...အနော်တောင် ပို့ခိုင်းတာ

မရသေးဘူး ။ ဖိုင်အများကြီးထဲ သွားရောနေရင်ကော ခက်ချေဘူးလား :D

ဒီအတွက်လည်း Ctrl + Z ကို နိပ်လိုက် မူလနေရာကို ပြန်ရောက်နေလိမ့်မယ်ဗျာ ။

   ၄။ မှားချက်တဲ့ စာသားတွေကို ပြန်လည် ယူချင်း

ဒီတစ်ချက်ကလည်း အသုံးဝင်ပါတယ် ။

စဉ်းစားကြည့်နော်...ခံစားချက်ပြင်းပြင်းနဲ့ တွေးပြီး ရေးတဲ့ စာသားက

မှားပြီးတော့ ဖျက်မိလိုက်ရင် ဘယ်နှယ့်တုန်း

သေပြီဆရာပဲ...နှမြောစရာကြီးနော်.... ကျွန်တောင် ဘလော့ကိုပြင်တယ် စာရေးတယ်

HTML ကို ပြင်တယ် ။ မှားပြီးတော့ ဖျက်မိတာများတယ် ။ မမှုဘူး....

Ctrl + Z ကို တစ်ချက်တည်း နိပ်လိုက်ရုံနဲ့ စာသားတွေက ဘွားကနဲ့

ပြန်ပေါ်လာရော... အသုံးဝင်လှပါတယ်။

   ၅။ ဖိုတိုရှောပ်စတဲ့ ဆောပ်ဝဲလ်ကို သုံးရင်း မှားလုပ်ခဲ့မိတာကို

ပြန်လည် ပြင်ဆင်နိုင်ခြင်း

ဒါတော့ ဖိုတိုရှောပ်သမားတိုင်းသိပါတယ် ။ ကျန်တဲ့ Office တို့မှာလည်း

တူတူပဲပေါ့ ။ အဲ....မသိသေးရင်ဗျာ..ဖိုတိုရှောပ်က Ctrl + Z ဆိုရင်

သိပ်စုံသေးဘူး Ctrl + Ait + Z တွဲနိပ်လိုက်ရင် တော်တော်လေးကို

နောက်ပြန်ဆုတ်လို့ရတယ်ဗျာ ။ ဒါလည်း အသုံးဝင်တာပါပဲဗျ ။

Ctrl + Z ရဲ့ အသုံးဝင်မှုကို သိလောက်ကြမယ် ထင်ပါတယ်ဗျာ ။ ဒါတော့ ကျွန်တော်

သိတာ အကုန်ပဲ ။ သိကြသေးရင် ပြောပြပါဦးလို့ ။